International News

စင်ကာပူရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသော နိုင်ငံခြားလုပ်သား ၁၈၀၀၀၀ ခန့် ၁၄ ရက် အိမ်တွင်သာနေထိုင်ရမည်

Last Updated:

စင်ကာပူတွင် COVID - 19 ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသည့်အခြေအနေကြောင့် Circuit Breaker အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းခွင်များမှတစ်ဆင့် ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက်  ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော Work Permit နှင့် S pass ကိုင်ဆောင်ထားသည့် နိုင်ငံခြားလုပ်သားဦးရေ ၁၈၀၀၀၀ ခန့်နှင့် ၎င်းတို့အပေါ် မှီခိုနေထိုင်သူများအားလုံးသည် ဧပြီလ ၂၀ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၁၄ ရက် ကြာ မဖြစ်မနေ အိမ်တွင်သာနေထိုင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းတို့သည် လက်ရှိရောဂါကူးစက်မှု မြင့်တက်နေသော အလုပ်သမား သီးသန့်အဆောင် များတွင် နေထိုင်သူများမဟုတ်ကြောင်း၊ ဤကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အရေးကြီးသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်သားအချို့ဖြင့် ဆောင်ရွက်နိုင်ရန် အဆောက်အဦနှင့်တည်ဆောက်ရေးအာဏာပိုင်သို့ လျှောက်ထားနိုင်ကြောင်းနှင့် စင်ကာပူလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ စာရင်းအရ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် Work Permit ကိုင်ဆောင်ထားသည့် နိုင်ငံခြားလုပ်သားဦးရေ ၂၈၄၃၀၀ ရှိကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Time

 

Category: International News